Sunday 26 May 2013

အခမဲ့ အွန်လှိုင်းပညာသင်စနစ်

Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1 ➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf ➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4 ➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa ➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ ➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP ➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O ➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz ➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM ➤ Open University LearningSpace ✤ Link: http://is.gd/84CXnA ➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj ➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me ➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb ➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth ➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh ➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t ➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5 ➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory ➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk ➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg ➤ LearningScience.org ✤ Link: http://is.gd/te9NqS ➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B ➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5 ➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55 ➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO For more - http://is.gd/y7Fukg Aung Kham (TSJ team) From : Techspace

Friday 24 May 2013

blogspot.com မှ CO.CC ပြောင်းနည်း

တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင် ဖန်တီး ထား တဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာ ပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေး စရာမလိုတဲ့ ကိုယ်ပိုင် Domain လေးတွေ ယူပြီးဖန်တီး တတ်ကြပါတယ်။ ဒါပေမဲ့ အ၇င်က www.blogspot.com ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့် လို့မရတတ် ပါဘူး။ ကျော်ခွပြီး ၀င်တတ် မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ် ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc domain နဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို domain ပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြ တာပါ။ ခုချိန်မှာတော့ ဘလော့တော်တော် များများကို ကြည့်လို့ ၇နေပြီ ဖြစ်ပါတယ်---- ဒီအကြောင်းလေး ကို သိပြီးသား သူငယ်ချင်း တွေလည်း အများကြီးရှိပါတယ်။ တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက် အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်ပါ တယ် --ခင်ဗျာ။။။ အောက်မှာ ပြုလုပ်ပုံလေး အဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်--- (၁). http://www.co.cc/ မှာ Account တစ်ခု Register လုပ်ပါ။ (၂). မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့ 'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့ တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ .. ထို့နောက် 'Setup'ကို ရွေးပါ... (၃). Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့ 'Zone Record' ကို ရွေးရပါမယ်... (၄). 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...) 'TTL'မှာ '1D'ကို ရွေးပါ... 'Type'မှာ 'CNAME'ကို ရွေးပါ... 'Value'မှာ 'ghs.google.com'ကို ထည့်ပါ... (၅). 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိ Blog အတွက် Domain တစ်ခုရပါပြီ... ဒီအဆင့် ပြီးတဲ့ အခါ မှာတော့ မိမိ domain ကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ (၆). Blogger Accout ကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ... (၇). 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings' ကို ရွေးပါ... (၈). 'Your Domain' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Save လုပ်ပါ...Blog ကို CustomDomain CO.CC နဲ့ အသုံးပြုလို့ ရပါပြီ... ဒီပိုစ့် လေးကို WYTU ဆိုဒ်မှ ပြန်လည် မျှဝေပေးထား တာဖြစ်ပါတယ်---- အဆင်ပြေပါစေ--ခင်ဗျာ။။။။။

Wednesday 22 May 2013

laptop နဲ့ Notebook တို့ရဲ့ကွာခြားချက်

The Laptop Computer The standard laptop computer would have some ,if not all, of the following features: 1. 14" - 17" (widescreen) TFT screen. 2. Nvidia GeForce or ATI Radeon graphics subsystem. 3. Internal DVD-ROM or DVD-RW drive 4. Large full featured keyboard. 5. 3 hour+ battery life. 6. Upgradeable. 7. Integrated modem, network, Bluetooth and Wi-Fi capabilities. 8. High quality integrate audio and speaker system. 9. Low power consumption, high performance Intel Centrino style processor. The Notebook Computer A standard notebook has the following features: 1. Ultralight. Less weight is better. 2. 4 - 5 hour battery life. 3. No internal floppy drive. 4. Minimal graphics subsystem. 5. No internal DVD or CD system. 6. 12" - 14" TFT screen. 7. Low profile (thin). 8. Integrated modem and network connection. 9. Smallest possible keyboard that retains functionality. 10. Low power consumption Celeron/Centrino or Sempron style processor ပျော်ရွှင်ချမ်းမြေ့ကြပါစေ.. သန့်ဇင်ဌေး

ကွန်ပျူတာ ဟာ့ဒ်ဝဲ အစိတ်အပိုင်းထီထွင်သူများ

1:Key board— Herman Hollerith, first keypunch devices in 1930’s - 2:Transistor— John Bardeen, Walter Brattain & Wiliam Shockley ( 1947-48) - 3:RAM— An Wang and Jay Forrester (1951) - 4:Trackball— Tom Cranston and Fred Longstaff (1952) - 5:Hard Disk— IBM , The IBM Model 350 Disk File (1956 ) - 6:Integrated Circuit— Jack Kilby & Robert Noyce ( 1958) - 7:Computer Mouse — Douglas Engelbart (1964) - 8:Laser printer— Gary Starkweather at XEROX in1969. - 9:Floppy Disk— Alan Shugart &IBM( 1970) - 10:Microprocessor— Faggin, Hoff & Mazor – Intel 4004 (1971) - Ref:techgeek TechSpace Journal .

ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။ ၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။ သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။ ၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။ အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။ ၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။ ၄။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။ သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။ ၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။ သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။ နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။ ၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။ ၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။ ၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ ၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။ ၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။ Credit To:Your Life Success

သတိထားအသုံးပြုသင့်

သတိ......Facebook Virus ပြန့်နေပါတယ်...........သေချာဖတ်ပါ။ =================================================== FireFox Update ပေါ်လာရင် မနှိပ်ပါနဲ့  Facebook Virus ပါ။ အကူးခံရရင်Auto Post တွေတင်ပါတယ်... သတိပေးပါတယ်။လုံးဝclick မနှိပ်ပါနဲ့  ... Facebook Virus ...ပါ။ Firefox update....virus link ကိုနှိပ်မိသူတွေ အောက်ကနည်းနဲ့ ရှင်းပါ။ (၁)Windowlogo key+R (Run Box) type firefox -safe-mode Check all box and click on makechange and reset.. (၂)IE မှာဆိုရင် Control Pane>Internet Option (must switch as custom view ) >Click the Advanced tab. Under Reset Internet Explorer settings, click Reset. Then click Reset again ပါစင်နယ်ကူပြုတာရဲ့ system fileတွေထိ ကူးစက်နိုင်တယ်ထင်ရင်.... (၁)MSEကိုupdateလုပ်ပြီး ပြန်စစ်ရန်။ MSEက maleware and trojanအတွက် အလုပ်လုပ်။ (၂)Kasperskyသုံးရင်Web filterကို enableလုပ်ထားရန်။ =================================================== ပြန်Shareပါ။ဒီနည်းနဲ့ ဖြေရှင်းလို့ ရတယ်လို့ လက်လှမ်းမှီသလောက် သတိပေးလိုက်ပါ။ (ကမ္ဘာ) . 606Like · · Share

Tuesday 21 May 2013

သတိထားရှောင်ကြည်ကြပါရန်

ပါရာစီတမောလ် နဲ့ ပက်ပစီ ပုဂံအွန်လိုင်းမီဒီယာ Saturday, May 18, 2013. အားလုံးသိအောင် သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာ ပက်စီ-ကုတ် တွေ အကြောင်းကို လူတိုင်းနှီးပါး သိပြီးကြမယ်လို့ ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်ကတော့ သတင်းထူးပါဘဲဗျာ။ ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်ဈေးဝယ်လာတာတော့ မဟုတ်ပါဘူး။ သူမရဲ့ ယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ရသူပါ။ လက်ထပ်ထားတာမှ တစ်နှစ်တောင် မပြည့်သေးပါဘူးတဲ့။ သူကကျောင်းဆရာမဆိုတော့ ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာ တော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်း မလိုက်လာနိုင်။ ယောက်ျားကလည်း သူမနှင့်အတူ လိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်တော့ အတူတူနေလို့ ရပါပြီ။ (ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေး တစ်ယောက် ပျော်နေခဲ့တာပေါ့) ဒါပေမဲ့ အခုတော့ သူမအပျော်တွေ ဘယ်တွေရောက်နေကုန်ပြီ မသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက် မြန်မာ နိုင်ငံထုတ် အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။ မနက်ဖြန်ဆို ရက်လည်နေ့ပါ။ ဒီလိုသတင်းတွေကြားနေရတာ တော်တော်များနေပါပြီ။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကလည်း ပါတာစီတစ်မော့နဲ့ ကိုကာကိုလာ သောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကို သောက်တယ်တဲ့ (ဆေးရက်စွဲ မကုန်သေးပါဘူး) နဲနဲကြာတော့ ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာသောက်လိုက်တယ် (သူ့အမျိုးသမီး ကိုယ်တိုင် ရေခဲသတ္တာထဲက ယူပေးလိုက်တာပါ)။ ခဏနေတော့ ပါးစပ်ထဲက အမြုတ်တွေထပြီး မူးလဲသွားလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲ အသက်ဆုံးသွားခဲ့ ပါတယ်။ အရင်ဆုံး ကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့ သူငယ်ချင်း အရင်းခေါက်ခေါက် ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့ သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ဆေးကို သောက်ပြီး တော်တော်ကလေးကြာမှ ပက်စီကို သောက်လိုက်တာ တခါတည်း အသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမ ယုံမကြည်ဖြစ်မိပါတယ်။ ဒီလောက်သန်သန်မာမာ ကျန်းမာရေး အထူးဂရုစိုက်တဲ့သူတစ်ယောက် သေတယ်ဆိုတော့ ဘယ်လိုမှ မယုံကြည်မိပါဘူး။ တကယ်တန်း မီးခိုးငွေ့တွေအဖြစ် ကြုံရတော့ မယုံကြည်လို့ မရတော့ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းအသင်းများကို စကားတိုးတိုး ပြောပေးပါ။ အထက်ပါ အကြောင်းအရာတွေကိုပါ။ မဖြစ်အောင်တားလို့ ရပါတယ်။ တစ်ယောက်ကြည့်လို့ တစ်ယောက်သိရင် တစ်ယောက်အသက်ကို ကယ်တင်ရာရောက်ပါတယ်။ ဘလော့တွေ အားလုံးကဖြစ်ဖြစ် - ပြန်ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။ လူအသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဗျာ။ တစ်ယောက်အားနဲ့ မရပါဘူး။ အများသိဖို့ အများမှာ တာဝန်ရှိပါတယ်။ သင်သိတာကလေးကို မျှဝေသိစေခြင်းဖြင့် ကုသိုလ်ယူကြပါ။ myanmar news update မှကူးကားတင်ဆက်လိုက်ပါသည်။